ပြည်သူတွေက သပိတ်မှောက် ကန့် ကွက် မီးရှို့ ဖျက်ဆီးပြစ်ကြရမယ့် နအဖ ဖော်လံဖား သစ္စာဖောက် “Northern Star” ဂျာနယ်။

January 30, 2009

အာဏာရှင် မဆလ လက်ထက် ၁၉၇၂ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ထိ ဗိုလ်မှူးအဆင့် တာဝန်ထမ်းဆောင်ပြီး နအဖ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့  စာနယ်ဇင်းလုပ်ငန်းမှာ အယ်ဒီတာချူပ်လုပ်ခဲ့တဲ့ သီဟအောင် (ခ) ဗိုလ်မှူးဝင်းတင့် – အငြိမ်းစား ဟာ နအဖကို ဖော်လံဖားလုပ်ပြီး နအဖရဲ့  အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင်နာမည်အမျိုးမျိုးနဲ့  ဆောင်းပါးတွေ ရေးခဲ့ရုံသာမက အခုလည်း နအဖရဲ့  ၂၀၁၀ လက်ဝါးရိုက် ရွေးကောက်ပွဲကို ထောက်ခံပြီး “Northern Star” ဂျာနယ်ကို ထုတ်ကာ အာဏာရှင်အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြကာ နအဖကို ဖော်လံဖားဖို့  ထပ်လုပ်ဖို့  ဟန်ပြင်နေပါတယ်။

ဒီ့အတွက် အာဏာရှင်ဘက်ကို ကပ်ဖားယက်ဖားလုပ်ပြီး ပြည်သူတွေအပေါ် သစ္စာဖောက်နေတဲ့ သီဟအောင် (ခ) ဗိုလ်မှူးဝင်းတင့် – အငြိမ်းစား ကို ပြည်သူတွေအနေနဲ့  ပြင်းပြင်းထန်ထန် ကန့် ကွက်ကြဖို့  လိုနေပါပြီ။ သူထုတ်ဝေမယ့် နအဖ ဖော်လံဖား သစ္စာဖောက် “Northern Star” ဂျာနယ်ကို သပိတ်မှောက် ကန့် ကွက် မီးရှို့ ဖျက်ဆီးပြစ်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။


January 30, 2009

burma-vj3

ရွှေဝါရောင်တော်လှန်ရေးကို ဂုဏ်ပြုတဲ့အနေနဲ့  ဖြစ်ရပ်မှန်မှတ်တမ်းများကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ Burma VJ ရုပ်ရှင်ကားအား နမူနာကြည့် နိုင်ပါပြီ။ ဒီ Burma VJ ရုပ်ရှင်ဟာ World Cinema Documentary Editing Award ရရှိခဲ့ပါတယ်။

ဖိုင်အား download လုပ်ရန် -

http://sharebee.com/9fc80780


တိုင်းသူပြည်သားများ ၀ိုင်းဝန်းထောက်ခံကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ တိုက်တွန်းကြေညာချက်။

January 30, 2009

nld-statement-jan-29


Follow

Get every new post delivered to your Inbox.