BiJli ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် (နေ့ စွဲ – ဧပြီလ ၁၆ ရက်၊ ၂၀၀၉ ခုနှစ်)။

April 16, 2009

ယနေ့  ဧပြီလ (၁၆) ရက်နေ့  BiJli ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် ဖြစ်ပါတယ်။ နေ့ စဉ်သတင်းကို ဆက်လက်တင်ပြပေးသွားပါမည်။

1604092

160409-report


Tropical Cyclone မုန်တိုင်း (BiJli) မသင်္ကာဖွယ် လမ်းကြောင်းပြောင်းနိုင်တဲ့ အနေအထားဖြစ်နေလို့  မြန်မာပြည်အနေနဲ့ လည်း သတိထားစောင့်ကြည့်ရန် လိုအပ်နေပါပြီ။

April 16, 2009

april-16-2009

ဒီ Tropital Cyclone မုန်တိုင်းကို BiJli လို့  အမည်သတ်မှတ်ထားတဲ့ မုန်တိုင်းဟာ လမ်းကြောင်းပြောင်းနိုင်တဲ့ အနေအထားကို သံသယရှိစရာ ဖြစ်နေပါတယ်။

ဒီ ဘီဂျလီ ဆိုတဲ့ နာမည်ကလဲ ဟင်ဒူ၊ အူရဒူဘာသာစကားဖြစ်ပြီး လျှပ်စီးအလင်းရောင် လို့ သိရှိရပါတယ်။ လျှပ်စီးလက်လို့ ထွက်လာတဲ့အလင်းရောင်လို့ ဆိုလိုပါတယ်။

ဒီမုန်းတိုင်းရဲ့  လက်ရီအနေအထားဟာ သံသယရှိစရာအနေအထးမှာ တစ်နာရီကို ၈ မိုင်နှုန်းလောက်သာရွေ့ တဲ့အခြေအနေကို မထင်မှတ်ဘဲ ပြောင်းသွားလို့  ဖြစ်ပါတယ်။ ဒီလိုအရှိန်နှေးကျပြီး ဖြေးဖြေးရွေ့ နေတာကြောင့် မူလခန့် မှန်းထားတဲ့ လမ်းကြောင်းဖြစ်တဲ့ မြောက်ဘက်ကို ရွေ့ လျားမယ့်အနေအထားကနေ အရှေ့ မြောက်ဘက် (သို့ ) အရှေ့ ဘက်ကို ပြောင်းရွေ့ သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

ယခင် နာဂစ်မုန်တိုင်းတုန်းကလည်း အနောက်မြောက်ဘက်ကို ရွေ့ လျားနေရာကနေ အရှိန်လျော့ကျသွားပြီး နှေးကျသောအရှိန်ကြောင့် လမ်းကြောင်းပြောင်းကာ ရုတ်ခည်းဆိုသလို အရှိန်အားပြန်ကောင်းကာ မြန်မာနိုင်ငံဘက်သို့  ပြင်းထန်စွာ ၀င်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ယခုအခါမှာ နာဂစ်မုန်တိုင်းနဲ့  ဒီ ဘီဂျလီ (BiJli) မုန်တိုင်းရဲ့  လက်ရှိအနေအထားဟာ ပုံသဏ္ဍန်ဆင်နေတာကြောင့် မြန်မာပြည်အတွက်လည်း သတိရှိစွာနဲ့  စောင့်ကြည့်ပြီး လိုလိုမယ်မယ် လိုအပ်သောပြင်ဆင်မှုတွေ ကြိုတင်လုပ်ထားကြဖို့  လိုပါတယ်။

သတိထားရန်အခြေအနေမှာ ဒီမုန်တိုင်း အရှိန်ရလာရင် အရှေ့မြောက်ဘက်ကို လမ်းကြောင်း ပြောင်းနိုင်လို့  ဖြစ်ပါတယ်။ အကယ်၍သာ လမ်းကြောင်းပြောင်းလာရင် မြန်မာပြည်အတွင်းကို ဖြတ်သန်းဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ပြည်သူတွေ၊ အထူးသဖြင့် စစ်တွေ ဘူးသီးတောင်ဘက်က ပြည်သူတွေ မပေါ့ဆဘဲ ကြိုတင်ပြင်ဆင်ထားရင် ဒီမုန်တိုင်း ရုတ်တရက်သာ လမ်းကြောင်းပြောင်းဝင်လာမယ်ဆိုရင် ရှောင်ရှားလို့ ရမယ်ထင်ပါတယ်။ ဒီမုန်တိုင်းအခြေအနေကို ပြည်သူတစ်ဦးချင်းစီတိုင်း စောင့်ကြည့် သိရှိထားမယ် လိုအပ်ရင် လိုအပ်သလို ပြင်ဆင်ထားမယ်ဆိုရင် မမှားဘူး ထင်ပါတယ်။ ယခုအချိန်မှဆိုရင် ကြိုတင်ပြင်ဆင်မှု (၂) ရက်ခန့်  အချိန်ရပါသေးတယ်။ မုန်တိုင်းတိုက်ရိုက် ၀င်ရောက်တာ မခံရရင်တောင် မိုးသီးထန်စွာရွာသွန်းမှုနဲ့  လေပြင်းဒါဏ် ခံရဖို့  ရှိပါတယ်။

(မုန်တိုင်းအနေအထား ထူးခြားမှုများအား ဆက်လက်တင်ပြပေးပါမည်။ ကျေးဇူးပြုပြီး ရခိုင်ပြည်နယ်မှ ပြည်သူလူထုအား မုန်တိုင်းအခြေအနေများအား စဉ်ဆက်မပြတ် သိရှိစေရန် ၀ိုင်းဝန်းကူညီ အသိပေးပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်)။