ရွှေတိဂုံဘုရား အောင်မြေနေရာအား နအဖမိသားစုဝင်တစ်ဦးမှ အပိုင်စီးနေရာယူထားခြင်း။

ဧပြီလ (၂၅) ရက်နေ့  မနက် (၇) နာရီလောက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ရာမှာ ရွှေတိဂုံဘုရားရဲ့  သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ ဗုဒ္ဒဘာသာဝင်တို့  အလေးအမြတ်ထားရာ အောင်မြေမှာ သွားရောက်ဆုတောင်းဖို့  ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအောင်မြေနေရာရောက်တဲ့အခါမှာ အကာအ၀န်းထဲမှာ အမျိုးသမီးတစ်ဦး တစ်ယောက်တည်းထိုင်ပြီး ၀တ်ပြုဆုတောင်းနေတာတွေ့ ရပါတယ်။

p42502302

ဒါနဲ့  အောင်မြေနေရာထဲဝင်ရောက်ပြီး ဆုတောင်းဖို့ လုပ်တဲ့အခါမှာ အကာအ၀န်းထဲကို မ၀င်ရောက်ဖို့  ပိတ်ပင်တားမြစ်ခြင်း ခံရပါတယ်။ အောင်မြေအကာအ၀န်းဘေးအပြင်မှာ မတ်တတ်ရပ်စောင့်နေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးကနေ တားမြစ်တာ ဖြစ်ပါတယ်။ အဲ့ဒီ အောင်မြေအကာအ၀န်းထဲမှာ ၀င်ရောက်ဆုတောင်းနေသူက နအဖမိသားစုဝင်တစ်ဦးဖြစ်လို့ ဆိုတာ သိရပါတယ်။

p42502312

အဆိုပါ နအဖမိသားစုဝင် အမျိုးသမီး ဆုတောင်းနေတာမို့  မည်သူ့ ကိုမျှ အောင်မြေဆုတောင်းတဲ့နေရာ အကာအ၀န်းလေးထဲကို ပေးမ၀င်ဘဲ တားဆီးနေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးဟာ ဘုရားဖူး ၀တ်ပြုဆုတောင်းလိုတဲ့ ပြည်သူတွေကို ပိတ်ပင်တားဆီးရုံမက အဆိုပါ အမျိုးသမီး အနီးအနားကို ငှက်များ ပျံသန်းရောက်ရှိလာတာကို မောင်းထုတ်နေတာ တွေ့ ရပါတယ်။

မေးချင်တာကတော့ – ဒီလိုမျိုး အစဉ်အလာကြီးမားပြီး ပြည်သူပိုင် ရွှေတိဂုံဘုရားမြေပေါ်မှာ အခုလို အောင်မြေနေရာကို စိတ်ကြိုက်သိမ်းပိုက်ထားပြီး အများပြည်သူကို ဆုတောင်းဝတ်ပြုခွင့်မပေးရလောက်အောင် ပြည်သူပိုင်နေရာမြေဒေသကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး မောင်ပိုင်စီးထားရသလား ဆိုတာပါ။

(ရွှေတိဂုံမြတ်စေတီတော် အောင်မြေမှာ ၀တ်ပြုဆုတောင်းခွင့်မရခဲ့တဲ့ ပြည်သူတစ်ဦး)။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: