ဒေါ်အောင်ဆန်းစုကြည် သေမှ မလွမ်းပြကြပါနဲ့ ။

Father & Dayghter

မြန်မာပြည်သူအပေါင်းနဲ့  မြန်မာ့တပ်မတော်အတွင်းမှ အရာရှိအရာခံအကြပ်တပ်သားတို့  – ယခုအချိန်ဟာ အရေးကြီးသော အချိန်ကာလတစ်ခုကို ရောက်ရှိနေပါပြီ။

ယခင်ကလိုမျိုး အခြေအနေကိုစောင့်ကြည့်နေတာ၊ အချိန်ကာလကိုစောင့်ကြည့်နေတာမျိုး ဆိုတဲ့ အပြောစကားတွေနဲ့  အချိန်ကုန်နေကြမယ့်အစား အရေးကြီးနေတဲ့ အခုလိုအချိန်အခါမှာ အသင်တို့ ဆောင်ရွက်သင့်တာတွေကို အမြန်ဆုံးဆောင်ရွက်ကြဖို့ လိုပါပြီ။

အသင်တို့  ချစ်မြတ်နိုး လေးစားတဲ့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီး၊ အသင်တို့  လူထုခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခြေအနေဟာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေပါတယ်။ အသက်အရွယ်ကြီးလာခြင်း၊ ကျန်းမာရေးမကောင်းမွန်ခြင်း၊ ဂုဏ်သိက္ခာထိပါးခံရခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းဆိုတဲ့ အခြေအနေတွေနဲ့  လူသတ်ကောင် နအဖ သန်းရွှေနဲ့  ကြံရာပါ ဗိုလ်ချူပ်ကြီးတွေ လက်အောက်မှာ စက္ကန့် နှင့်အမျှ နေနေရပါတယ်။

အသင်တို့  – ဒီအချိန်မှာမှ အသင်တို့ ရဲ့  လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  ကျေးဇူးကို မဆပ်ရင် ဘယ်တော့ဆပ်ကြမလည်း၊ အသင်တို့ ရဲ့  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီအချိန်မှာမှ မကယ်တင်ရင် ဘယ်တော့ ကယ်တင်ကြမှာလည်း။

အသင်တို့ ရဲ့  စစ်မှန်တဲ့ သတ္တိသွေးကို ဘယ်အချိန်မှာ ပြကြမှာလည်း။ ဖခင်ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီး၊ အသင်တို့ လေးစားပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရှင်လက်အောက်မှာ သေဆုံးမှ လွမ်းပြတာမျိုးတော့ မလုပ်ကြပါနဲ့  ။

အခုဆိုရင် ကောက်ကျစ်ယုတ်မာတဲ့ နအဖအာဏာရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အနုနည်းနဲ့  မသေသေအောင် သတ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်သေးတဲ့အပြင် နောက်ထပ် မတရားသော ပုဒ်မတွေ ထပ်တပ်ပြီး ထပ်မံချူပ်နှောင်ဖို့  စီစဉ်နေတယ်ဆိုတာ သိရပါတယ်။ ကျန်းမာရေးဆိုးရွားနေမှုကို ထိထိရောက်ရောက် ကုသနိုင်အောင် စီမံပေးခြင်းမရှိဘဲ ပြည်သူလူထုသို့ လည်း အသိပေးတင်ပြခြင်းမရှိဘဲ သာမန်ဆရာဝန်တစ်ဦးနဲ့ သာ တွေ့ ဆုံခွင့်ပေးတာလောက်ဘဲ ပြုလုပ်ပြနေပါတယ်။

အသင်တို့  မေးပါလိမ့်မယ်။ ဘယ်လိုလုပ်ကြရမလည်းဆိုတာ။ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့် နိုင်ငံခြားတိုင်းပြည်ကမှ လက်တွေ့ လာကယ်နိုင်မှာ မဟုတ်ပါဖူး။ အသင်တို့ သာလျှင် ကိုယ်ရဲ့ ခေါင်းဆောင်ကို ကိုယ်ကိုတိုင်ကဘဲ ကယ်တင်ရမှာပါ။

အခြေအနေစောင့်ကြည့်နေတာ၊ ဦးဆောင်မယ့်သူ မရှိလို့ ၊ အားမသာသေးလို့ ၊ မိသားစုအရေးရှိသေးလို့ ၊ ရှေ့ ကထွက်ရမှာ မလွယ်သေးလို့ ဆိုတဲ့ စကားလုံးတွေနဲ့  စောင့်ဆိုင်းနေကြတာကြောင့် အာဏာရှင်လက်အောက်မှာ အနှစ်ဘယ်လောက်ကြာခဲ့ပြီလည်းဆိုတာ သိကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ချင်ရင် နအဖအာဏာရှင်တွေကို ရတဲ့နည်းနဲ့  တော်လှန်ကြပါ။ ခေါင်းဆောင်မယ့်သူများ ရှိမလားဆိုပြီး စောင့်ဆိုင်းမနေပါနဲ့ ။ သင်ကိုယ်တိုင် သင့်ကိုယ်ကို ခေါင်းဆောင်ပါ။ သင်ကိုယ်တိုင် စတင်တော်လှန်ပါ။ သင်ကိုယ်တိုင် ရရာလက်နက်စွဲကိုင်ပါ။ သင်ကိုယ်တိုင် တော်လှန်နေကြသူတွေနဲ့ အင်အားဖြည့် ပါဝင်ပါ။ သင်ကိုယ်တိုင် ဦးဆောင်ပြီး စိတ်ချယုံကြည်ရတဲ့အင်အားစုတွေ ဖွဲ့ စည်းပါ။ သင်ကိုယ်တိုင် အာဏာရှင်ကို သတ္တိရှိရှိ ဆန့် ကျင်ပါ။ သင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်တဲ့နေရာမှာ သူရဲကောင်းတစ်ဦး ဖြစ်ပါစေ။

လွတ်လပ်ရေးဖခင် ဗိုလ်ချူပ်အောင်ဆန်း လုပ်ကြံခံရလို့ သေဆုံးတဲ့အချိန်မှာ တတိုင်းပြည်လုံး ယူကျူံးမရဖြစ်ပြီး ငိုကြွေးလွမ်းဆွတ်ခဲ့ကြတယ်။ အချိန်လွန်ခဲ့ရတယ်။ တိုင်းပြည်နဲ့ လူမျိုးတစ်ရပ်လုံးအတွက် ဖေါ်ပြမနိုင်တဲ့ ဆုံးရှူံးမှုကြီးကို ရခဲ့ကြလို့  အခုအချိန်ထိ နှစ်ပေါင်းများစွာ နစ်နာခဲ့ကြရတယ်။

အခု – အသင်တို့ အတွက် ဆုံးရှူံးနေတဲ့ လွတ်လပ်ရေးကို ကိုယ်ကျိုးစွန့် ပြီး လုပ်ဆောင်ပေးနေတဲ့ ဖခင်ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီး၊ အာဏာရှင်လက်အောက်မှာ အနုနည်းနဲ့ ဇိဝန်ခြွေခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လုံးပါးပါးပြီး အသက်ဆုံရှူံးရနိုင်တဲ့ အခြေအနေကို လက်ပိုက်ကြည့်နေကြမယ်ဆိုရင်တော့ အချိန်လွန်မှ မငိုကြွေးပြကြပါနဲ့ ။

ဒီအချိန်မှာ အသင့်ကိုယ် အသင် ဆုံးဖြတ်ပေးတော့မယ် အချိန်ရောက်လာပါပြီ။ ကိုယ် ဘာလုပ်မလည်းဆိုတာ။ ဘာလုပ်သင့်ပြီလည်းဆိုတာ။

အသင်တို့  ပြောနေတဲ့ လေးစားမြတ်နိုးပါတယ်လို့  ပြောနေတဲ့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကို လက်တွေ့  အမြန်ကယ်တင်ကြမှာလား။ တိုင်းပြည်နဲ့ လူမျိုး ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတဲ့ ဘ၀တွေကို လက်တွေ့  အမြန် ကယ်တင်ကြမှာလား။ အာဏာရှင်လက်အောက်မှာ တစ်သက်လုံး ကျွန်အဖြစ်ကို ရောင့်ရဲပြီး ငုံ့ ခံနေကြမှာလား။ ကိုယ့်သမိုင်းကို ကိုယ်ဘဲရေးကြမှာပါ။

မြန်မာ့တပ်မတော်ရဲ့ ဖခင်ဟာ ဗိုလ်ချူပ်အောင်ဆန်းပါလို့  ယုံကြည်စွာနဲ့  လက်ခံကြပြီး ဗိုလ်ချူပ်အောင်ဆန်းကို လေးစားအသိအမှတ်ပြုနေကြတဲ့ တပ်မတော်အတွင်းက အရာရှိအရာခံအကြပ်တပ်သားတွေလည်း ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီးကို ကယ်တင်ဖို့ လက်တွေ့ လုပ်ကြဖို့  အချိန်ရောက်ပါပြီ။ အသင်တို့  စစ်ပညာဟာ ဗိုလ်ချူပ်အောင်ဆန်း မျိုးချသင်ကြားပေးခဲ့တာပါ။ အသင်တို့ လက်ထဲမှာ ကိုင်ထားတဲ့သေနတ်တွေဟာ အာဏာရှင်တွေဘက်ကို ပြောင်းလှည့်ပစ်ကြဖို့  လိုပါပြီ။ အသင်တို့ ပြောနေတဲ့ သေမှာကြောက်ရင် စစ်ထဲမလိုက်ဖူးဆိုတဲ့ ယောကျာင်္းသတ္တိသွေး စစ်သားတစ်ယောက်ရဲ့ သတ္တိသွေးကို ရဲရဲပြရဲရင် နအဖခေါင်းဆောင်ကြီးတွေနဲ့  အာဏာရှင်ဗိုလ်ချူပ်ကြီးတွေကို အသင်တို့ ကိုယ်တိုင် ပြည်သူ့ ရှေ့ က မားမားရပ်ပြီး စတင် သုတ်သင်ဖယ်ရှားပေးပါ။

မြန်မာပြည်သူအပေါင်းနဲ့  မြန်မာ့တပ်မတော်အတွင်းမှ အရာရှိအရာခံအကြပ်တပ်သားတို့  – အာဏာရှင်လက်အောက်မှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် သေမှ မလွမ်းပြကြပါနဲ့ ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသင်တို့  ဘ၀တွေအတွက် သူ့ ဘ၀ကို စွန့် လွတ်အရင်းခံပြီး ဆောင်ရွက်နေတာကို အမှန်တကယ် အသိအမှတ်ပြုရင် – သူမကို အသင်တို့  ပါးစပ်ကဘဲ လေးစားပြနေရတော့မယ့် အချိန်မဟုတ်ဖူးဆိုတာ သတိပေးလိုက်ပါရစေ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: