ဒေါ်အောင်ဆန်းစုကြည် လက်ရှိအခြေအနေ သတင်းတို။

– နအဖက ခေါ်ယူစစ်ဆေးတဲ့အထဲမှာ ဒေါက်တာ တင်မျိုးဝင်း ပါ ပါဝင်ကြောင်း တွေ့ ရှိရပါတယ်။ (14 May 09, 11:25)

– နေ့ လည် (၁) နာရီမှာ ပြန်လည် စစ်ဆေးမယ်လို့  သိရပါတယ်။ ပြည်သူလူထု (၃၀၀) ကျော်ခန့် လည်း အင်းစိန်ထောင်တစ်ဝိုက်မှာ ရှိနေကြပါတယ်။ အခြေအနေကို စောင့်ဆိုင်းနေကြပါတယ်။ (14 May 09, 11:17)

– ဒေါ်အောင်ဆန်းစုကြည်ကို အထူးစစ်ခုံရုံးကနေ ထောင်အတွင်းနေရာကို ပြန်လည်ခေါ်ဆောင်သွားပြီး နေ့ လည်ပိုင်းကျမှ ပြန်လည်စစ်ဆေးမယ်လို့  သိရပါတယ်။ 14 May 09, 11:12)

– အင်းစိန်ထောင်ရှေ့ မှာ လုံခြုံရေးများ အပြည့်ချထားပြီး လာရောက်ကြည့်ရှူသူများကို ပြန်လည်မောင်းထုတ်နေကြောင်း၊ ယနေ့  ထောင်ဝင်စာတွေ့ သူများကိုလည်း ပေးမတွေ့ ကြောင်း သိရှိရပါတယ်။ 14 May 09, 10:55)

– ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်မှနေ၍ မနက် (၆) နာရီခန့် က ခေါ်ဆောင်သွားကြောင်း ကြားသိရပါတယ်။ ယနေ့ မနက်ပိုင်းတွင် အင်းစိန် အကျဉ်းထောင်အတွင်း စစ်ခုံရုံးသို့  ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းလည်း ကြားသိရပါတယ်။ သတင်းအား ဆက်လက်စုံစမ်းလျက် ရှိပါတယ်။ (14 May 09, 08:31)

– နိုင်ငံတကာရောက် မြန်မာပြည်သူများအနေနဲ့  အမေရိကန်သံရုံးရှေ့ မှာ သွားရောက်တောင်းဆိုပေးကြပါ။ နအဖသံရုံးရှေ့ မှာ သွားပြောလို့  အချိန်ကုန်တာဘဲ ရှိပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ နအဖဘက်က လုပ်ကြံခိုင်းတဲ့သူဟာ အမေရိကန်လူမျိုးဖြစ်နေလို့ ပါ။ အမေရိကန်အနေနဲ့  တိုက်ရိုက်ပါဝင်သင့်ပါတယ်။

– တစ်ဦးကောင်း တစ်ဖွဲ့ ကောင်းတော့ မလုပ်ကြပါနဲ့ ။ ညီညီညွတ်ညွတ်နဲ့  လုပ်ကြဖို့  လိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ဒေါ်အောင်ဆန်းစုကြည်အတွက် ရှိနေတယ်ဆိုတာ ပြသဖို့  လိုပါတယ်။ လူထုခေါင်းဆောင်ကို ထောင်ချရင် ပြည်သူတွေအာလုံးကို ထောင်ချတာနဲ့ အတူတူပါဘဲ။ ညီညွတ်မှုကို ပြသကြပါ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: