သမိုင်းအစဉ်အလာနဲ့  တန်ခိုးကြီးမားတဲ့ ရွှေတိဂုံဘုရားကိုတောင် အတုလိုက်လုပ်ကြတဲ့၊ ဘုရားတောင် ခုတုံးလုပ်တဲ့ နအဖ ငမိုက်သားများ။

January 31, 2009

second-shwedagone-pagoda-in-naypyitaw-1

နေပြည်တော်မှာ တည်နေတဲ့ ဥပ္ပါတသန္တိစေတီတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ တပေါင်းပွဲတော်မှာ သံဃာတော်တွေကို ဘွဲ့ တံဆိပ်ကပ်လှူမည့်အစီအစဉ်နှင့် အတူ ဖွင့်လှစ်ပွဲကျင်းပဖို့ ကို နအဖက အပူတပြင်း စီစဉ်နေကြောင်း သိရှိရပါတယ်။ အဲ့ဒီလို အပူတပြင်းစီစဉ်နေတဲ့နေရာမှာ နေ့ ညတစ်လျှောက်လုံး အလုပ်သမား (၅) ဆိုင်းခွဲပြီး ခိုင်းစေနေကြောင်းနဲ့  အဆိုပါ အလုပ်သမားများကို ငွေကြေးပစ္စည်း လိုလေသေးမရှိ ပေးကျွေးထားပြီး အမြန်ပြီးစီးရေးကိုသာ အလောသုံးဆယ် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ ဒီ့မတိုင်ခင် လာမည့် ဖေဖေါ်ဝါရီလ (၉) ရက်နေ့  တပို့ တွဲလပြည့်နေ့ မှာတော့ သတ္တဌာနမူလဌာပနာတော်သွင်း မဟာမင်္ဂလာ၊ အလယ်ဌာပနာတော်သွင်းခြင်းနှင့် ပန်းလယ်တိုင် စိုက်ထူခြင်း မဟာမင်္ဂလာအခမ်းအနားများကိုပါ ကျင်းပသွားမယ်လို့  သိရှိရပါတယ်။

သာမန်အနေနဲ့ ကြည့်ရင်တော့ စေတီတော်တစ်ဆူတည်ပြီး ဘာသာသာသနာတော်အတွက် အများပြည်သူအတွက် ကောင်းမှုကုသိုလ်ဆောင်ရွက်တယ်လို့  ကြည့်မြင်ပြီး အနုမောဓနာ ၀မ်းမြောက်စွာနဲ့  သာဓုခေါ်ဆိုနိုင်ပေမယ့်၊ တစ်ဘက်က ပြန်စမ်းစစ်ကြည့်တဲ့အခါမှာတော့ မရိုးသားသော နအဖတို့ ရဲ့  လုပ်ရပ်များအတိုင်း (၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကာလမှာတော့ ရဟန်းသံဃာတော်တွေကို ကြိုးနဲ့ တုတ် ရိုက်ပုတ်၊ ဂုတ်ကကိုင် ဆွဲရမ်းလားနဲ့  ထုထောင်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့၊ ၁၉၈၈ ခုနှစ် မတိုင်ခင်ကတည်းက ရဟန်းသံဃာတော်တွေကို အတင်းအဓမ္မ သင်္ကန်းဆွဲချွတ် လူဝတ်လဲစေခဲ့တဲ့) မိစ္ဆာဒိဌိ နအဖတွေက ဘုရားတည် ကျောင်းဆောက် အလှူဒါနလုပ်ပြနေတာကတော့ ဗုဒ္ဓဘာသာသာသနာတော်ကို ဘန်းပြ ခုတုံးလုပ် ဟန်ဆောင် ရိုသေပြနေတာတင်မက ငမိုက်သားတစ်သိုက်ရဲ့  သွေးစွန်းနေတဲ့ လူသတ်လက်တွေကို အပြစ်ပြေရာပြေကြောင်း ဆေးကြောလိုလို့  လုပ်တယ်ဆိုတာ သိသာထင်ရှားလွန်းပါတယ်။

နအဖဟာ သူတို့ ရဲ့  ဆရာသခင်အဖေကြီးဖြစ်တဲ့ နေ၀င်းလမ်းစဉ်ကို တစ်သွေမတိမ်းလိုက်တာ၊ သံသရာ အ၀ီစိငရဲဘုံဘ၀မှာ ကျူးလွန်ခဲ့သမျှ အကုသိုလ်စရိုက်တွေကို ကြောက်လန့် ပြီး သက်သာလို့ သက်သာငြား “ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ပါဘုရား” ဆိုတာထက် ပိုဆိုးတဲ့၊ ရဟန်းသံဃာတော်တွေကို ရိုင်းစိုင်းစွာဆက်ဆံပြောဆို ညာဉ်းပမ်းသတ်ဖြတ်ခဲ့ပြီးမှ ပနံသင့်တဲ့ နအဖအလိုကျ သံဃာတော်အနည်းငယ်မျှကိုသာ ဘွဲ့ တံဆိပ်တွေ ပေးကပ်တာ ဘုရားစေစီပုထိုးတည်ကာ လုပ်ပြနေတာဟာ ကျွန်တော်တို့  ဗုဒ္ဒဘာသာဝင် ပြည်သူတွေကို မျက်စိကန်း နားကန်း ငထုံ ငအ တွေများ ထင်ပြီး လုပ်ပြနေတာပါဘဲ။

နအဖတို့ ရဲ့  ဆရာသခင်အဖေကြီးဖြစ်တဲ့ နေ၀င်း လက်ထက်ကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးပုံတူ မဟာဝိဇယစေတီတော်ကို ရွှေတိဂုံစေတီတော်မြတ်နဲ့  နီးတဲ့ ဓမ္မရိက္ခိတကုန်းမှာ ၁၉၈၀ ခုနှစ်က တည်ထားခဲ့ပါတယ်။ ဒီ မဟာဝိဇယစေတီတော် တည်တဲ့အခါမှာလည်း နီပေါဘုရင်နဲ့  ဘုရင်မထံကနေ ဗုဒ္ဒရုပ်ပွားတော်ကို အလှူခံရရှိခဲ့တာထက် ယခုလိုဘဲ ပြည်သူတွေရဲ့  ဗုဒ္ဒဘာသာ ရိုသေကိုင်းရှိုင်းမှုအပေါ် အခွင့်ကောင်းယူပြီး အလှူငွေတွေကောက်ခံ ဌာပနာတော်အတွက် ကျောက်သံပတ္တမြားတွေ အလှူခံနဲ့  ကုန်ကျစရိတ်များကို ပြည်သူတွေဆီကဘဲ ကုန်ကျစေခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ မဆလတစ်ပါတီအာဏာရှင် နေ၀င်းဟာ မဟာဝိဇယစေတီတော်ရဲ့  ထီးတော်ကို အဆင့် (၁၁) ဆင့်ပါတဲ့ ထီးတော်ကို (ရွှေတိဂုံစေတီတော်ရဲ့  ထီးတော်အဆင့် (၉) ဆင့်ထက် နှစ်ဆင့်ပိုမြင့်တဲ့ ထီးတော်) ကို ထီးတင်ခဲ့ပါတယ်။

maha-wizaya-and-shwedagon-pagodas

ဒီလို တန်ခိုးကြီးလှတဲ့ သမိုင်းအစဉ်အခာကြီးလှတဲ့ ရွှေတိုဂုံစေတီတော်မြတ်ကြီးကို ပုံတူ အပြိုင်လုပ်ပြီး ထီးတော်ပါ နှစ်ဆင့်မြင့်မားအောင် တည်ခဲ့တာကတော့ အာဏာရှင်နေ၀င်းဟာ သူရဲ့ လုပ်ခဲ့သမျှ အကုသိုလ်ဒုစရိုက်တွေကြောင့် ကံနိမ့်ပြီး ကျဆုံးခန်းကို ရောက်တော့မယ်လို့  သူရဲ့ ယုံကြည်စွာ အားထားကိုးကွယ်နေသူတွေရဲ့  ပြောဆိုချက်အရ ယတြာချေ ကြေစေလိုတဲ့စိတ်နဲ့  ရွှေတိဂုံစေတီတော်နဲ့ အပြိုင် ပုံတူ စေတီတော်ဖြစ်တဲ့ မဟာဝီဇယစေတီတော်ကို တည်ထားခဲ့တာပါ။ ဘယ်လိုဘဲ ဘုရားစေတီတည်တည် မှန်ကန်တဲ့ရည်ရွယ်ချက်၊ စစ်မှန်တဲ့ရိုသေကိုင်းရှိုင်းမှု၊ စောင့်ထိန်းတဲ့ သီလသစ္စာမရှိတဲ့ အခါကျတော့ မဟာဝိဇယစေတီတော်တည်တဲ့ ၁၉၈၀ ခုနှစ်ကျော်လွန်ဖြစ်တဲ့ ၁၉၈၈ ခုနှစ်ရောက်တဲ့အခါမှာတော့ အာဏာတန်ခိုးငြိုးမှိန်ပြီး နိမ့်ကျတဲ့ဘ၀ကိုရောက်ကာ နောက်ဆုံးမှာတော့ သာမာန်ပြည်သူတစ်ဦးရဲ့  နာရေးလောက်တောင် မထင်ရှားဘဲ ဘ၀ချူပ်ငြိမ်းသွားရတာပါဘဲ။

second-shwedagone-pagoda-in-naypyitaw-2

ယခုလည်းဘဲ နအဖအာဏာရှင် သန်းရွှေဟာလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက အကြီးမားဆုံးပြစ်မှုဖြစ်တဲ့ ဘုရားနှင့် တစ်ဂိုဏ်တည်းဖြစ်တဲ့ အနန္တောအန န္တ ဂိုဏ်းဝင် ဘုရားသားတော် ရဟန်းသံဃာတော်မြတ်များနဲ့  မိဘပြည်သူအပေါင်းကို စိတ်နဲ့ နှုတ်နဲ့ တင်မကဘဲ ကိုယ်ပါ လက်တွေ့  စော်ကားကျူးလွန်ခဲ့တဲ့ ပြစ်မှူကြီးကို ပျောက်လို့ ပျောက်ငြား သက်သာလို့ သက်သာညား မသေခင်လေးမှာ အလျင်အမြန်ယတြာချေဖို့ အတွက် နေပြည်တော်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးပုံတူအဖြစ် ဥပ္ပါတသန္တိစေတီတော်ကြီးကို အမြန်ပြီးစီးအောင် အလောသုံးဆယ် တည်ဆောက်နေတာကို တွေ့ ရှိရပါတယ်။

ယခင်ကလည်း ဒီလိုဘဲ ယတြာခြေတဲ့အနေနဲ့  ဘုန်းတံခိုး မညိုးမှိန်ရလေအောင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  ငှက်မြတ်နားအနီးမှာ “ဗိုလ်ချူပ်မှူးကြီးသန်းရွှေ မိသားစုကောင်းမှူ” ဆိုပြီး စာတန်းကမ္ဗည်းထိုးတာ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နေ၀င်ချိန်ကိုတစ်ဖြေးဖြေးရောက်လာနေပြီဖြစ်တဲ့ ကံဇာတာ နိမ့်ကျလာနေပြီဖြစ်တဲ့အတွက် သန်းရွေဟာ ၂၀၀၇ ခုနှစ်မှာ မြန်မာ့သမိုင်းမှာ မကြုံဖူးလောက်အောင် ရဟန်းသံဃာတော်တွေရဲ့  ငြိမ်းချမ်းစွာဆန္ဒပြမှု သာသနာတော်နဲ့  ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်မှုကို ထိပ်တိုက်ကြုံတွေ့ ရပါတယ်။ ဒီနေရာမှာ အာဏာရူးတို့ ပီပီ အာဏာကို သေသိတိုင် အလွတ်စတမ်း လက်ဆုတ်ကိုင်ထားချင်တဲ့ သန်းရွှေဟာ ရဟန်းသံဃာတော်တွေကိုပါ ဖမ်းဆီးရိုက်ပုတ်သတ်ဖြတ်တဲ့အထိ မထူးဇာတ်ခင်းကာ သံသာရာမှ ကြုံတွေ့ ခံစား၇မယ့် အဆိုးရွားဆုံးအပြစ်ကြီးကို ကျူးလွန်လိုက်ပါတယ်။

ထို့ အပြင် သန်းရွှေမျက်နှာပုံနဲ့ ကျောက်စိမ်းဘုရားဆင်းတုတော်တစ်ဆူအားလည်း ရွှေတိဂုံစေတီတော်မြတ်မှာ တည်ထားခဲ့ပြီး လာရောက်သမျှသော နိုင်ငံခြားသံတမန်များကို နာမ်နှိမ်တဲ့အနေနဲ့  ရှိခိုးစေခဲ့ပါတယ်။ ကုလမသဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၊ ကုလမသဂ္ဂအထူးကိုယ်စားလှယ် ဂန်ဘာရီ၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး အစရှိတဲ့ ပုဂ္ဂိုလ်တွေပါ သန်းရွှေမျက်နှာနဲ့  ကျောက်စိမ်းဘုရားဆင်းတုတော်ကို ရှိခိုးကန်တော့ခဲ့၇ပါတယ်။ ဖြစ်ပျက်မှု အစဉ်အဆက်ကိုကြည့်တဲ့အခါမှာ မဆလအာဏာရှင် နေ၀င်းမှ စပြီး ယခု နအဖအာဏာရှင် သန်းရွှေထိတိုင် ဘုရားကို အတုလုပ် ခုတုံးလုပ်၊ နအဖနဲ့  သင့်မြတ်တဲ့ သံဃာတော်များကို သင်းခွဲပြီး တံစိုးလက်ဆောင်ဘွဲ့ တံဆိပ်ပေးကပ်၊ သာသနာတော်အကျိုး မှန်ကန်စွာ သယ်ပိုးတဲ့ သံဃာတော်များကြတော့ ညဉ်းပန်းသတ်ဖြတ်နဲ့  သန်းရွေဦးဆောင်တဲ့ နအဖငမိုက်သားများ ဘယ်လိုကျူးလွန်နေကြလည်းဆိုတာ သိမြင်နိုင်ပါတယ်။

ဒါကြောင့် ဘ၀သံသရာတစ်လျှောက် ကြုံတွေ့ ခံစားရတော့မယ့် အကုသိုလ်ဒဏ်ကို တွေးမိတိုင်း အကြောက်ကြီး ကြောက်နေရပြီဖြစ်တဲ့ သန်းရွှေဟာ ဆရာသခင်အဖေကြီးဖြစ်တဲ့ နေ၀င်း လုပ်ခဲ့တဲ့အတိုင်း ဘုရားတည်ပါတော့တယ်။ ရွှေတိုဂုံစေတီတော်မြတ်ကြီး ပုံတူ ဥပ္ပါတသန္တိစေတီတော်ကြီးကို နေပြည်တော်မှာ သူ မသေခင်လေးမှာ အမြန်ပြီးစီးတည်ဆောက်ဖြစ်အောင် လက်ပါးစေ မောင်အေးတို့ ကို အပူတပြင်း ဆောင်ရွက်ခိုင်းပါတော့တယ်။ မကြာခင်က မောင်အေးနဲ့  အဖွဲ့  ရွှေတိုဂုံစေတီတော်မြတ်ကြီးအပေါ် လူမသိသူမသိအချိန်မှာ တိတ်တခိုးတက်ရောက်ခဲ့တာဟာ မသင်္ကာစရာ လုပ်ရပ်ဖြစ်ပါတယ်။

နတ်လူဗြဟ္မာအပေါင်းက တည်ထားကိုးကွယ်ခဲ့တဲ့ လေးဆူဓါတ်ပုံ ရွှေတိုဂုံစေတီတော်မြတ်ကြီးရဲ့  ဘုန်းတန်ခိုးကြီးမားမှု သမိုင်းအစဉ်အလာကြီးမားမှုတွေကို အလေးမထား အရိုအသေလျော့ပါးစွာနဲ့  ပုံတူတုကာ မိမိရဲ့  ကိုယ်ကျိုးအတ္တအတွက် ဘုရားတောင် ခုတုံးလုပ်တဲ့ အာဏာရှင် နေ၀င်းမှ အစ ယခု နအဖ သန်းရွှေ ခေါင်းဆောင်နေတဲ့ နအဖငမိုက်သားတစ်စုကတော့ မလုပ်သင့် မလုပ်ထိုက်တာများကို လုပ်ကိုင်နေတဲ့အတွက် သံသရာအဆက်ဆက်မှာ မကျွတ်စတမ်း ခံနေကြရဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  မိစ္ဆာဒိဌိ နအဖငမိုက်သားတွေရဲ့  သာသနာတော်ကို တိုးတက်ပြန့် ပွားအောင်လုပ်သယောင်ယောင်၊ ဘုရား တရား သံဃာတော်များကို ကြည်ညိုကိုင်းရှိုင်းသယောင်ယောင် လုပ်ပြနေတဲ့ ဘုရားခုတုံးလုပ်ပွဲကြီးတွေကို သေသေချာချာ သုံးသပ်ကြည့်ကြဖိုနဲ့ ၊ စစ်မှန်တဲ့ သာသနာတော်အား အဆိုပါ မိစ္ဆာဒိဌိများရဲ့  ရန်မှ အမှန်တကယ် ကာကွယ်ပေးနိုင်ကြဖို့ နဲ့  သာသာနာတော်အတွက် အတုအယောင်လုပ်ဆောင်ချက်များကို ရှောင်ရှားနိုင်ကြဖို့  အသိပေးပါရစေ။


မူးယစ်ဆေးဝါး ကြီးကြီးကျယ်ကျယ်တင်ပို့ ရောင်းချနေကြတဲ့သူများနဲ့  နအဖ ပါဝင်ပတ်သက်နေမှုများ။

January 31, 2009

အိုလံပစ်၊ မင်းသားကြီး အစရှိသည့် ဟော်တယ်များနှင့် သစ်ထုတ်လုပ်ငန်း၊ သစ်အချောထည်များ ပြည်ပတင်ပို့ ခြင်း အစရှိသော လုပ်ငန်းကြီးများ ဆောင်ရွက်နေသော jewelleary luck company သည် လွန်ခဲ့သည့် သီတင်းပါတ်က ပြည်ပပို့ သစ်ခွဲသားများအတွင်း မူးယစ်ဆေးဝါးများ လျှို့ ဝှက်တင်ပို့ ခဲ့ကြောင်း နီးစပ်သောသူများမှတစ်ဆင့် သိရှိရပါသည်။

အဆိုပါ ကုမ္မဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးကျော်စိန်သည် နအဖလူကြီးများနှင့် သင့်မြတ်သူဖြစ်ပြီး ၄င်းကိုယ်တိုင်မှာလည်း တစ်ချိန်က မူးယစ်ဆေးဝါးလုပ်ကိုင်ခဲ့သော ဦးလော်စစ်ဟန်၏ တူဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာပြည်၏ ထွက်ကုန်ပစ္စည်းများတင်ပို့ ရာတွင် ကွန်တိန်နာ (container) များအား ငွေကြေးရယူပြီး ပေါ့ဆစွာ စစ်ဆေးခဲ့ကြသောနအဖသက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ ဝင်များကြောင့် မူးယစ်ဆေးဝါးများ အတင်အပို့ ဖြစ်နေရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

နအဖ၏ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆိုင်းဘုတ်များကတော့ အသက်မ၀င်သော ဆိုင်းဘုတ်များသာဖြစ်ပြီး၊ လက်တွေ့ တွင်မူ မူးယစ်ဆေးဝါးသုံးဆွဲသူများမှာ ငွေကြေးတတ်နိုင်သူ နအဖဗိုလ်ချူပ်ကြီးများ၏ သားသမီးများဖြစ်ကြပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားကြသော ဂိုဏ်းဂဏကြီးများမှာ နအဖနှင့် အကျိုးတူစီးပွားရေးလုပ်နေကြသူများကိုယ်တိုင်သာမက နအဖထိပ်ပိုင်းအသိုင်းအ၀ိုင်းပါ ပါဝင်နေကြကြောင်း သိရှိပါသည်။

sign-is-a-just-sign

sign-is-a-just-sign-2

sign-is-a-just-sign-3

sign-is-a-just-sign-4


ပြည်သူတွေက သပိတ်မှောက် ကန့် ကွက် မီးရှို့ ဖျက်ဆီးပြစ်ကြရမယ့် နအဖ ဖော်လံဖား သစ္စာဖောက် “Northern Star” ဂျာနယ်။

January 30, 2009

အာဏာရှင် မဆလ လက်ထက် ၁၉၇၂ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ထိ ဗိုလ်မှူးအဆင့် တာဝန်ထမ်းဆောင်ပြီး နအဖ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့  စာနယ်ဇင်းလုပ်ငန်းမှာ အယ်ဒီတာချူပ်လုပ်ခဲ့တဲ့ သီဟအောင် (ခ) ဗိုလ်မှူးဝင်းတင့် – အငြိမ်းစား ဟာ နအဖကို ဖော်လံဖားလုပ်ပြီး နအဖရဲ့  အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင်နာမည်အမျိုးမျိုးနဲ့  ဆောင်းပါးတွေ ရေးခဲ့ရုံသာမက အခုလည်း နအဖရဲ့  ၂၀၁၀ လက်ဝါးရိုက် ရွေးကောက်ပွဲကို ထောက်ခံပြီး “Northern Star” ဂျာနယ်ကို ထုတ်ကာ အာဏာရှင်အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြကာ နအဖကို ဖော်လံဖားဖို့  ထပ်လုပ်ဖို့  ဟန်ပြင်နေပါတယ်။

ဒီ့အတွက် အာဏာရှင်ဘက်ကို ကပ်ဖားယက်ဖားလုပ်ပြီး ပြည်သူတွေအပေါ် သစ္စာဖောက်နေတဲ့ သီဟအောင် (ခ) ဗိုလ်မှူးဝင်းတင့် – အငြိမ်းစား ကို ပြည်သူတွေအနေနဲ့  ပြင်းပြင်းထန်ထန် ကန့် ကွက်ကြဖို့  လိုနေပါပြီ။ သူထုတ်ဝေမယ့် နအဖ ဖော်လံဖား သစ္စာဖောက် “Northern Star” ဂျာနယ်ကို သပိတ်မှောက် ကန့် ကွက် မီးရှို့ ဖျက်ဆီးပြစ်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။


January 30, 2009

burma-vj3

ရွှေဝါရောင်တော်လှန်ရေးကို ဂုဏ်ပြုတဲ့အနေနဲ့  ဖြစ်ရပ်မှန်မှတ်တမ်းများကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ Burma VJ ရုပ်ရှင်ကားအား နမူနာကြည့် နိုင်ပါပြီ။ ဒီ Burma VJ ရုပ်ရှင်ဟာ World Cinema Documentary Editing Award ရရှိခဲ့ပါတယ်။

ဖိုင်အား download လုပ်ရန် –

http://sharebee.com/9fc80780


တိုင်းသူပြည်သားများ ၀ိုင်းဝန်းထောက်ခံကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ တိုက်တွန်းကြေညာချက်။

January 30, 2009

nld-statement-jan-29


“မြန်မာနိုင်ငံဥပဒေနှင့် လက်တွေ.ပြဿနာများ” ခေါင်းစဉ်နှင့် လူငယ်ပညာပေးဟောပြောပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးတွင် ကျင်းပပြုလုပ်။

January 29, 2009

img_0531

img_0534

img_0544

img_0589

(သတင်းပေးပို့ သူ ရွှေနန္ဒအား အထူးကျေးဇူးတင်ရှိပါသည်)။


ရန်ကုန်တွင် ယနေ့ မနက်ပိုင်း ခါတိုင်းဆောင်းနေ့ များနှင့် မတူဘဲ မြူများ ထူထပ်စွာ ကျနေ။

January 28, 2009

yangon-11

yangon-21

yangon-3

(ဓါတ်ပုံများအား မစ္စတာသခင်ကြီးထံမှ ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်)။


ကိုယ်ရဲ့ သောက်သုံးရေ သုံးစွဲဖို့ ရေကိုတောင် ကိုယ်တိုင်ကိုယ်ကျ မခပ်ယူဘဲ ရွာသူရွာသားများအား လူလူချင်း အဓမ္မခိုင်းစေနေသော နအဖစစ်သားများ။

January 25, 2009

ရွာများမှ ရွာသူရွာသားများအား ပေါ်တာအဖြစ် ဖမ်းဆီးကာ ရှေ့ တန်းအခြေချတပ်စခန်းများသို့ ခေါ်ဆောင်သွားပြီး လက်နက်ခဲယမ်းမီးကျောက်များ၊ ကုန်ထုတ်ကုန်ပိုးများ သယ်ပိုးခိုင်းခြင်းနှင့် တပ်စခန်းအတွက် လိုအပ်သော သောက်သုံးရေ သုံးစွဲရေများ ခပ်ခိုင်းနေရာ အဆိုပါ ရေခပ်နေကြသော ပေါ်တာ ရွာသူရွာသားများအား စောင့်ကြည့်နေသော နအဖစစ်သားများ ဖြစ်ပါတယ်။

porter-carries-water-to-camp-as-solider-watches

soldier-guards-porters

soldier-watches-as-porter-carries-water-to-camp

တစ်နေ့ တာ အဓမ္မခိုင်းစေမှုကို မလွန်ဆန်ရဲဘဲ လုပ်ဆောင်ပေးအပြီး နအဖတပ်စခန်းမှ မိမိရွာသို့  ပြန်လာနေသော အမျိုးသမီးတစ်ဦး။

woman-returns-to-village-from-camp

ကံမကောင်း အကြောင်းမလှတဲ့အခါမှာတော့ အဆိုပါ နအဖတပ်စခန်းမှာ ညဘက်ပါနေနေကြရပြီး အတင်းအကြပ်ခိုင်းစေမှုအောက်မှာ လိုအပ်သမျှကို လုပ်ပေးကြရတဲ့ အမျိုးသမီးအပျိုအအိုများရဲ့  ဘ၀အခြေအနေဟာလည်း မတွေးဝန့် စရာပါဘဲ။

အဓမ္မပြုကျင့်ခံရတာတို့ ၊ အဓမ္မခိုင်းစေခံရတာတို့ ၊ ညဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခံရတာတို့ ကို ကြုံတွေ့ နေကြရတဲ့ ကျွန်တော်တို့  မြန်မာပြည်ဖွား ရွာသူရွာသားများရဲ့  ဘ၀တွေကို စာနာတတ်ကြမယ်ဆိုရင်တော့ တစ်ခုတည်းသော လုပ်ဆောင်ချက်ကတော့ ပြည်သူတွေဘ၀ မလုံခြုံတဲ့ ခေတ်ဆိုးကြီးမှာ မတရားအုပ်ချူပ်နေတဲ့ အာဏာရှင်များကို တော်လှန်တိုက်ထုတ်ဖို့ ဘဲ ဖြစ်ပါတယ်။


မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ် (Free Burma Federation) ၏ ပြည်တွင်းလှုပ်ရှားမှုအဖြစ် ဦးသန့်  ပုံပါ စာရွက်များအား ရန်ကုန်မြို့ တွင် ဖြန့် ဝေ။

January 23, 2009

73251


အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) မှ ဦးသန့်  ရာပြည့်အမှတ်တရအခမ်းအနား ကျင်းပ။

January 23, 2009

မနေ့  ဇန်န၀ါရီလ (၂၂) ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် ၏ ရာပြည့်အမှတ်တရ အခမ်းအနားအား ကျင်းပခဲ့ကြောင်းနှင့် “ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်  နှစ် (၁၀၀) ပြည့် အမှတ်တရ” ပုံများအား ဖြန့် ဝေခဲ့ကြောင်း သိရှိရပါသည်။

(သတင်းပေးပို့ လာသူ – ရွှေနန္ဒ အား အထူးကျေးဇူးတင်ရှိပါသည်)။

scan10002img_0414img_0418img_0486img_0455