မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး ပညာပေးအဖွဲ့ ၏ ထုတ်ပြန်ကြေညာချက်။

April 30, 2009
View this document on Scribd

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ကြသော မြန်မာအလုပ်သမားထုအပေါင်းအား May Day နေ့ (မေလ ၁ ရက်) အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအပ်ပါသည်။

April 30, 2009

1988-workers-11988-workers-2


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ရွှေဂုံတိုင်ကြေညာချက် (ဧပြီလ ၂၉ ရက်၊ ၂၀၀၉ ခုနှစ်)။

April 30, 2009

1223


အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက် (၅) ချက် ထုတ်ပြန်ချက်။

April 30, 2009

nld-special-meeting-5-decisisons


ကမ္ဘာ့နိုင်ငံတွေမှာ ၀က်တုပ်ကွေးရောဂါ ဖြစ်နေသည်။ မြန်မာပြည်တွင်လည်း ဒီဝက်ကို သတိထားကြပါ။

April 29, 2009

big-pig


အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးနှင့် ပတ်သက်၍ NLD (LA) Australia မှ သတင်းထုတ်ပြန်ချက်။

April 29, 2009

View this document on Scribd


နစ်နေမန်း၏ (၃) နှစ်ပြည့်မြောက် မွေးနေ့  နှုတ်ခွန်းဆက်။

April 29, 2009

cakeနစ်နေမန်း၏ (၃) နှစ်ပြည့်မြောက် မွေးနေ့ အား ဆုတောင်းပေးလာသော ကိုနေမင်းသူရိယနှင့် မိတ်ဆွေများအားလုံးအား အထူးကျေးဇူးတင်ရှိပါသည်။

နစ်နေမန်းအား ဧပြီလ (၂၈) ရက်နေ့ ၊ ၂၀၀၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မွေးဖွားသည့်အချိန်မှစ၍ ကျွန်တော်၏ ဘလော့များတွင် စုစုပေါင်း ပို့ စ်အရေအတွက် (၁၈၁၆) ပို့ စ်အား တင်ပြခဲ့ပြီးဖြစ်ပါတယ်။ http://www.niknayman-niknayman.blogspot.com/ (ပို့ စ် – ၉၆၀) နှင့် http://www.niknayman.blogspot.com/ (ပို့ စ် – ၈၅၆) ဖြစ်ပါတယ်။

နစ်နေမန်းအနေဖြင့် မြန်မာပြည်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုမှန်သမျှတွင် ၂၀၀၆ ခုနှစ် မွေးဖွားခဲ့သည့်အချိန်မှစ၍ ယခုအချိန်အထိ မည်သည့်အဖွဲ့ အစည်းထံမှ ငွေကြေးအကူအညီတောင်းခံခဲ့ခြင်း မရှိဘဲ မိမိ၏ကိုယ်ပိုင်အချိန် ကိုယ်ပိုင် ပိုင်ဆိုင်မှုများထဲမှသာ အနှောင်အဖွဲ့ ကင်းကင်းလွတ်လွတ်ဖြင့် ကြိုးစားဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။

ထပ်မံတိုးချဲ့ ပြုလုပ်ထားသည့် https://niknayman.wordpress.com/ နှင့် http://niknayman-niknayman.co.cc/ တို့ နှင့် မူလဘလော့များဖြစ်သည့် http://www.niknayman-niknayman.blogspot.com, http://www.niknayman.blogspot.com/ တို့ တွင် နည်းပညာပိုင်းအရ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သူများ၊ မြန်မာပြည်ရေးရာနှင့် ပတ်သက်သော သတင်းများ ဓါတ်ပုံများအား ပေးပို့ လာသော ပြည်တွင်းပြည်ပမှ မိတ်ဆွေများ အဖွဲ့ အစည်းများ၊ ကျွန်တော်၏ စီဘောက်တွင် ပါဝင်ရေးသားခဲ့သူများ၊ ကျွန်တော့်အား ဂုဏ်ပြုပေးကြသော ပုဂ္ဂိုလ်များနှင့် “မြန်မာသတင်းသမဂ္ဂ” “မြန်မာဘလော့ဂါပရက်စ်” “ရှမ်းလူ့ အခွင့်အရေးအဖွဲ့ ” အစရှိသည့် အဖွဲ့ အစည်းများ၊ ကျွန်တော် တင်ပြထားသော ရေးသားဖေါ်ပြချက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်မျှဝေပေးကြသော မိတ်ဆွေများနှင့် ကျွန်တော်၏ ရေးသားဖေါ်ပြမှုများအား စဉ်ဆက်မပြတ် လာရောက်ဖတ်ရှူအားပေးကြသော မိတ်ဆွေများအားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း လှိုက်လှိုက်လှဲလှဲ ဖေါ်ပြအသိပေးအပ်ပါတယ်။

award-for-niknayman-by-mbaa-2008-academy-awardhonour-award-to-niknayman

ကျွန်တော် နစ်နေမန်း၏ ရရှိခဲ့သော ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြုစကားများအားလုံးသည် အထက်ဖေါ်ပြပါ ကျေးဇူးတင်ရှိရသည့် ပုဂ္ဂိုလ်များ၏ ပံ့ပိုးအားပေး ကူညီပေးမှုကြောင့် ဖြစ်ကြောင်းနှင့် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူလူထု၏ ၀ိုင်းဝန်းဆောင်ရွက်ပေးမှုကြောင့်သာ ဖြစ်ကြောင်း ပြောကြားမှတ်တမ်းတင်အပ်ပါတယ်။

ထို့ အပြင် အထူးဂုဏ်ပြုစကားပြောကြားလိုတာကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ကျွန်တော်၏ ဘလော့သို့  ပြည်တွင်းမှ သတင်းပေးပို့ လာခဲ့သော ပြည်သူလူထုနှင့် အချို့ သော (လုံခြုံရေးအရ အမည်ဖေါ်ပြခွင့် မရသေးသော) ပုဂ္ဂိုလ်များအား နစ်နေမန်း အထူးလေးစား ဂုဏ်ပြု ကျေးဇူးတင်ပါကြောင်းနဲ့ အဆိုပါ ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလအတွင်းက မိနစ်ပိုင်း စက္ကန့် ပိုင်းနှင့်အမျှ မိမိတို့ ကိုယ်ပိုင်ဘလော့များ ကိုယ်ရေးကိုယ်တာများအား ခေတ္တခဏ ဘေးဖယ်ထားကာ ကျွန်တော်၏ ဘလော့နှင့် စီဘောက်တွင် ၀င်ရောက်ကူညီ အားဖြည့်ရေးသားပေးခဲ့သူများအားလည်း နစ်နေမန်းမှ ကျေးဇူးတင် မှတ်တမ်းထားရှိပါကြောင်း ဖေါ်ပြအပ်ပါတယ်။

မြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကြိုးစားဆောင်ရွက်ရာတွင် မိတ်ဆွေများအနေဖြင့်လည်း ဆက်လက် ၀ိုင်းဝန်းကူညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်။

မြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးကို ဆောင်ရွက်နေကြသော ဘလော့ဂါများ၊ အဖွဲ့ အစည်းများ၊ တိုင်းရင်းသားပြည်သူလူထုများ အားလုံးအားလည်း နစ်နေမန်း၏ မိတ်ဆွေ တော်လှန်ရေးရဲဘော်ရဲဘက်များအဖြစ် သတ်မှတ်ထားပါကြောင်း ပြောကြားအပ်ပါတယ်။

မြန်မာပြည် အာဏာရှင်အား ၀ိုင်းဝန်းတော်လှန်တိုက်ထုတ်ကာ မြန်မာပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် ကြိုးစားကြပါစို့ ။ တစ်ဦးချင်း တစ်ယောက်ချင်းမှ အမျိုးသားရေးတာဝန်အဖြစ် ပါဝင်ဆောင်ရွက်မှသာ အာဏာရှင် လျင်မြန်စွာ ပြုတ်ကြမည်။

ဒုက္ခမျိုးစုံပေးနေသော နဖအများ၏ရန်မှ မြန်မာဘလော့ဂါများ၊ အင်တာနက်သုံးစွဲသူများ ဘေးအန္ဒရာယ် ကင်းဝေးကြပါစေ။ နအဖအာဏာရှင်၏ မတရားဖမ်းဆီးခြင်း ခံနေရသော ကိုဇာဂနာ၊ ကိုနေဘုန်းလတ်၊ ကိုမျိုးမြင့်အောင်၊ သားစိုးလေး အစရှိသည့် မြန်မာဘလော့ဂါများ နအဖအာဏာရှင်၏ မတရားချူပ်နှောင်ထားမှုမှ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ။

လေးစားစွာဖြင့် –

နစ်နေမန်း။

(ဧပြီလ ၂၈၊ ၂၀၀၉ ခုနှစ်)။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘပတိ မိန့် ခွန်း။

April 28, 2009

chairperson-speach-page-1chairperson-speach-page-2


အလုပ်သမားအခွင့်အရေးတွေအတွက် အလုပ်သမားတွေကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ခဲ့ကြလို့  မေဒေးနေ့ ဆိုတာ ဖြစ်လာတယ်။

April 28, 2009

may-day-in-burma

မေလ (၁) ရက်နေ့ ဟာ ကမ္ဘာ့အလုပ်သမားထုကြီးတစ်ရပ်လုံးအား ဂုဏ်ပြုတဲ့နေ့  (မေဒေး May Day) ဖြစ်ပါတယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့နေ့ ကို အထူးဂုဏ်ပြုသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်က အလုပ်သမားများဟာလည်း ခေတ်အဆက်ဆက်မှာ မိမိတို့  အလုပ်သမားထုတစ်ရပ်လုံးအတွက် ရပိုင်ခွင့်တွေကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ ရှိကြပါတယ်။ ယနေ့ ခေတ် မြန်မာအလုပ်သမားတွေရဲ့ ဘ၀အခြေအနေတွေကို ကြည့်မယ်ဆိုရင် – ယနေ့  မြန်မာပြည်က အလုပ်သမားဝန်ထမ်းတွေဘ၀ကတော့ လခစားဝန်ထမ်းဆိုတာထက်ကို နအဖရဲ့  ဖိနှိပ်ချုပ်ချယ်ခြင်း အမျိုးမျိုးကို ခံနေရပြီး မတရားခိုင်းစေမှုမှန်သမျှကို ခါးဆီးခံနေကြရတဲ့ အစေခံသာသာ အောက်ခြေနင်းပြားဘ၀ကို ရောက်နေကြရပါတယ်။ မလုံမလောက်လစာလေး ပေးကမ်းထားပြီး ၀န်ထမ်းအခွင့်အရေးမှန်သမျှကို ပိတ်ပင်တားဆီးခံထားရပါတယ်။

မြန်မာအလုပ်သမားတွေရဲ့  အရည်အချင်း၊ အလုပ်အကိုင်သက်တမ်း၊ အတွေ့ အကြုံနဲ့ ကိုက်ညီသင့်တော်တဲ့ ယနေ့  ကမ္ဘာ့ခေတ် စားဝတ်နေရေးအဆင့်အတန်းနဲ့ အညီ ရသင့်ရထိုက်တဲ့ လုပ်အားခတွေ မရရှိကြပါဖူး။ အလုပ်ခွင်တွင်း ထိခိုက်ဒဏ်ရာရခဲ့ရင် ၀န်ထမ်းရပိုင်ခွင့် ဖြစ်တဲ့ လျော်ကြေးငွေ ဆေးကုသခွင့်တွေကို မရရှိကြပါဖူး။

နအဖလက်အောက်မှာ လုပ်ငန်းခွင်တွင်း ကျန်းမာရေးနဲ့  ကိုက်ညီသော အလုပ်နေရာဒေသ စီမံထားရှိမှု၊ အလုပ်ခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးပို့ ချမှုတွေ ဘေးအန္တရာယ် ကာကွယ်ရေး သတိပေးချက်တွေ ပစ္စည်းကိရိယာတွေ၊ ရှေးဦးပြုစုကုသမှုရရှိရေး စီစဉ်ထားမှုတွေ မရှိပါဖူး။ ထို့ ပြင် မတော်တစ်ဆ ဘေးဒုက္ခရောက်နိုင်တဲ့ မီးလောင်မှု အစရှိတဲ့ ဘေးအန္တရာယ်တွေအတွက်လည်း ပြင်ဆင်ထားမှု မရှိပါဖူး။

လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားဝန်ထမ်းတွေရဲ့  ကာယအိနြေ္ဒထိပါးစော်ကားခံရမှု မဖြစ်အောင် အကာအကွယ်ပေးစောင့်ရှောက်ရေး စည်းမျည်းစည်းကမ်းတွေ၊ အရေးယူဆောင်ရွက်မှုတွေ မရှိပါဖူး။ ထို့ အပြင် နအဖ ဌာနဆိုင်ရာ ၀န်ကြီးများ အထက်တန်းအရာရှိကြီးများ စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီးများရဲ့  အခွင့်အရေးယူစော်ကားမှုကြောင့် ဘ၀ပျက်ကြရတဲ့ အမျိုးသမီးဝန်ထမ်းတွေဘ၀ဟာလည်း လူသိရှင်ကြားမသိလိုက်ရဘဲ သက်ဆိုင်ရာကို တိုင်တောလို့  ဘာမှ မထူးတဲ့အခြေအနေတွေနဲ့  ရင်နင့်ဖွယ် တိမ်မြုပ်ပျောက်ကွယ်နေကြရပါတယ်။

မတရားအလုပ်ထုတ်ခံရခြင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်နှင့်မဆိုင်သော ခိုင်းစေမှုများ ခံရခြင်း၊ အလုပ်ရှင်၏ မတရားဖိနှိပ်ချူပ်ချယ်ခံရခြင်း အစရှိတဲ့ လုပ်ငန်းခွင်တွင်း အနိုင်ကျင့် စော်ကားမှုတွေကို အလုပ်သမားတွေဘက်ကနေ ခုခံကာကွယ်ပေးတဲ့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးတွေ မရှိပါဖူး။

ဒီလို အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေ ပျောက်ဆုံးနေရတဲ့အပြင် အလုပ်နဲ့ မဆိုင်သော နအဖတွေရဲ့  နိုင်ငံရေးဝါဒဖြန့် ချီရေးကိစ္စတွေမှာ ပေါ်တာဆွဲခံရသလို အကြပ်ကိုင်ခြိမ်းခြောက်ခံရကာ စေခိုင်းခံရမှုက မကြာခဏလို ဖြစ်ပေါ်နေပါတယ်။

နအဖတွေ ဌာနဆိုင်ရာအရာရှိကြီးတွေ အထက်အရာရှိတွေနဲ့  အဆင်မပြေရင် ရာထူးတိုးမြင့်ပေးခြင်း၊ လစာတိုးမြင့်ပေးခြင်းတို့  ပိတ်ပင်ခံထားရတဲ့အပြင် ငြိုငြင်မုန်းတီးမှုခံရကာ ဝေးလံခက်ခဲသော အလုပ်နေရာဒေသများကို ပြောင်းရွှေ့ ခံရပါသေးတယ်။

ဒီလို ပြည်သူ့ ဝန်ထမ်းအလုပ်သမားတွေ နဖူးကချွေး ခြေမရောက်တဲ့အထိ ပင်ပန်းစွာ ရုန်းကန်လှုပ်ရှားလို့  ရလာတဲ့ အကျိုးအမြတ်တွေကိုတော့ အာဏာရှင်လူတန်းစား နအဖတွေနဲ့  စီးပွားရေးလုပ်ငန်းရှင် ကိုယ်ကျိုးသမားတွေက မြိုးမြိုးမြက်မြက် ခံစားကြပါတယ်။

အောက်ခြေလူတန်းစား ပြည်သူ့ ဝန်ထမ်းတွေမှာတော့ မ၀ရေစာလေး စားရပြီး တစ်နေ့ လုပ်မှတစ်နေ့ စားရတယ့် အခြေအနေဆိုးတွေကို နေ့ စဉ်ရင်ဆိုင်နေကြရပါတယ်။ မိသားစုစားဝတ်နေရေးအတွက် မိမိတို့ လစာနဲ့  မလုံလောက်လို့  အပိုဝင်ငွေကို မတရားသောနည်းများနဲ့ ရှာကြရတာဟာလည်း စာရိတ္တပိုင်းဆိုင်ရာတွေ ထိပါးပြီး ဥပဒေရဲ့  အရေးယူမှုခံရပြန်ရင်လည်း ခံပြီးရင်းခံကြရတဲ့ ဘ၀ဒုက္ခဆိုးတွေနဲ့  ရင်ဆိုင်ရပါတယ်။

ဒီလို အာဏာရှင်တွေလက်အောက်က အလုပ်သမားတွေကို ဖိနှိပ်ချူပ်ချယ် ဂုတ်သွေးစုတ်ကြတဲ့ လုပ်ရပ်တွေဟာ ကိုလိုနီနယ်ချဲ့ ခေတ်ကတည်းက စခဲ့တယ်ဆိုပေမယ့် ယခု နအဖအာဏာရှင်လက်အောက်မှာတော့ အမျိုးမျိုးသောနည်းများနဲ့  ဖိနှိပ်ချူပ်ချယ် အဓမ္မခိုင်းစေမှုတွေကတော့ အတိုင်းထက်အလွန် ဆိုးရွားလွန်းလှပါတယ်။

ခေတ်အဆက်ဆက်တိုင်းမှာ မြန်မာအလုပ်သမားတွေ အာဏာရှင်ဖိနှိပ်ချူပ်ချယ်သူတွေကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ လေးစားထိုက်ဖွယ် လှုပ်ရှားမှုတွေ ရှိခဲ့ကြပါတယ်။ ကုန်ဈေးနှုန်းမြင့်မားမှုတွေ ၊ လူနေမှုအဆင့်အတန်း နိမ့်ပါးမှုတွေ၊ လစာနှုန်း နည်းပါးမှုတွေ၊ အလုပ်သမားတွေရဲ့  အခွင့်အရေးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂများ မရှိမှုတွေကြောင့် အလုပ်သမားထုကြီးဟာ ရဲဝန့် စွာ တောင်းဆိုတိုက်ပွဲ ၀င်ခဲ့ကြပါတယ်။

၁၉၃၈ ခုနှစ်မှာ ချောက်မြို့  ရေနံမြေအလုပ်သမားသပိတ်၊ ၁၉၇၄ ခုနှစ် မေလ ဆင်မလိုက်သဘောင်္ကျွန်းတိုက်ပွဲ၊ ၁၉၇၄ မီးရထားအလုပ်သမားသပိတ်တွေ သမိုင်းတွင်လောက်အောင် ပြောင်မြောက်စွာ ပေါ်ထွန်းခဲ့ပါတယ်။ လစာနည်းပါးမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အလုပ်သမားသပိတ်ဖွဲ့ စည်းခွင့် မရှိမှု၊ အလုပ်သမားသက်သာချောင်ချိရေးရှားပါးမှုတို့ အတွက် နေ၀င်း ဦးဆောင်ခဲ့တဲ့ အာဏာရှင်မဆလအစိုးရလက်ထက်မှာလည်း အလုပ်သမားတွေ ဆန္ဒပြကြပြီး မိမိတို့ အခွင့်အရေးအတွက် မိမိတို့ ကိုယ်တိုင် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၈၈ုနှစ်မှာလည်း ၀န်ထမ်းပေါင်းစုံသပိတ်ကြီးကို အင်တိုက်အားတိုက် ဆင်နွဲခဲ့ကြပါတယ်။၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရဲ့  ၀န်ထမ်းဦးရေမြောက်များစွာ ပါဝင်ခဲ့လို့  အာဏာရှင်တွေရဲ့  စက်ယန္တရားတွေ ရပ်ဆိုင်းကုန်ခဲ့ရပါတယ်။ မဆလအာဏာရှင်ဟာ အလုပ်သမားဝန်ထမ်းတွေ နည်းမျိုးစုံနဲ့  ခြိမ်းခြောက်ပါတယ်။ သပိတ်အတွင်းပါဝင်လှုပ်ရှားရင် အလုပ်ကနေထုတ်ပစ်မယ်လို့  ပြောဆိုခြိမ်းခြောက်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ကြီးက ပိုမိုဆိုးရွားစွာနဲ့  ၀န်ကြီးရုံးမှာ အလုပ်သမားတွေကို ခေါ်ပြီး ကျောင်းသားတွေဆန္ဒပြနေတာမှာ မပါဝင်ဖို့ ၊ ပါဝင်ခဲ့ရင် အလုပ်ကနေချက်ချင်းထုတ်ပြစ်မယ်လို့  ပြောဆိုရုံသာမက ဆောက်လုပ်ရေးဝန်ကြီးက ၀တ်ထားတဲ့တိုက်ပုံအင်္ကျီချိုင်းအောက်က သေနတ်အတိုကို မြင်အောင်ဟပြပြီး ၀န်ထမ်းတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ မည်သို့ သော ခြိမ်းခြောက်မှုကိုမဆို ကြောက်ရွံ့ နောက်တွန့် သွားခြင်းမရှိဘဲ အလုပ်ပြုတ်ပလေ့စေ ငတ်ပြတ်သေပလေ့စေ မတရားဖိနှိပ်ချူပ်ချယ်မှုတွေနဲ့  ကျပ်တည်းလှတဲ့ စားဝတ်နေရေးခက်အခဲအောက်မှာ နေရတာထက် သေရတာကမြတ်သေး၊ ခေါင်းငုံ့ ခံနေရတာထက် တုန့် ပြန်တိုက်ပွဲဝင်တာက မြင့်မြတ်သေးဆိုသော စိတ်ဓါတ်များဖြင့် အလုပ်သမားသပိတ်များကို ရဲရဲဝန့် ဝန့်  စတင်အကောင်အထည်ဖေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာလည်း ပဲခူးမြို့  ချည်မျှင်နှင့်အထည်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေအတွက် သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။ ထို့ အတူ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာလည်း နမ္မတူမိုင်းက အလုပ်သမား ၈၀၀၀ ကျော်ဟာ လုပ်ခလစာတိုးမြင့်ပေးရေးနှင့် လုပ်ငန်းခွင် အလုပ်အခြေအနေကောင်းမွန်ရေးတို့ အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ယခင် အာဏာရှင်တို့ ထုံးစံအတိုင်း အောက်ခြေလူတန်းစားတွေဖြစ်တဲ့ အလုပ်သမားလူတန်းစားကို နအဖအာဏာရှင်တွေဟာ ဖိနှိပ်ချူပ်ချယ်ရုံတင်သာမက နအဖရဲ့ ကျေးကျွန် အခိုင်းအစေသဖွယ် အတင်းအဓမ္မ ခိုင်းစေလျက်ရှိပါတယ်။ နအဖတို့ ရဲ့  ကြီးစိုးနေထိုင်ရာ နေပြည်တော်ကိုလည်း ၀န်ကြီးဌာနတွေ ပြောင်းရွှေ့ ပြီး ပြည်သူ့ ဝန်ထမ်းတွေကို ထောင်တွင်း အကျယ်ချူပ်သဖွယ် မိသားစုနဲ့ ဝေးရာဒေသများကနေ အတင်းအဓမ္မပြောင်းရွှေ့ လုပ်ကိုင်ထားပြီး ခိုင်းစေထားလျက်ရှိပါတယ်။ နအဖ ဌာနဆိုင်ရာဝန်ကြီးများဟာလည်း မိမိတို့  ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သောကိစ္စရပ်များမှာပါ ဌာနဆိုင်ရာဝန်ထမ်းတွေကို ခိုင်းစေတာတွေ့ ရပါတယ်။ အလုပ်ခန့် ထားရေးနဲ့ ဌာနဆိုင်ရာ ရာထူးနေရာတွေမှာ ဆွေမျိုးသားချင်းများကို ခန့် အပ်ထားခြင်းများ ပြုလုပ်ကြပြီး သာမန်ပြည်သူတွေအတွက်တော့ အလုပ်အကိုင်ရှားပါးမှုနဲ့ ရင်ဆိုင်ရစေပါတယ်။

နအဖတွေဟာ သူတို့ အလိုကျ လုပ်ခိုင်းရဖို့ အတွက်နဲ့  ဆန့် ကျင်ရေးလှုပ်ရှားမှုတွေလုပ်မှာ စိုးတဲ့အခါမှာတော့ လစာအနည်းငယ်တိုးမြင့်ပေးခြင်းနဲ့ ချွေးသိပ်ဖြေသိမ့်ပေးလေ့ရှိပါတယ်။ အမှန်တကယ် အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေကိုတော့ ကန့် သတ်ပိတ်ပင်ထားပြီး အလုပ်သမားတွေရဲ့  ဘ၀အခက်အခဲတွေကို လစ်လျူရှူပြီး ဒီလိုကြပ်တည်းခက်ခဲတဲ့အခြေအနေတွေနဲ့  ရင်ဆိုင်ကြုံတွေ့ နေရအောင် ဖန်တီးပေးထားပါတယ်။

နအဖခေတ် ပြည်သူ့ ဝန်ထမ်းအလုပ်သမားတွေဘ၀ဟာ ရှေးခေတ် ကျွန်ပိုင်ရှင်ခေတ်က ကျေးကျွန်တွေ ပဒေသရာဇ်စနစ်က အစေခံတွေ ဘ၀နီးပါးဖြစ်နေကြရတာ ရင်နာစရာကောင်းလှပါတယ်။

ဒီအတွက် အလုပ်သမားထုအနေနဲ့  မိမိတို့  ရသင့်ရထိုက်တဲ့အခွင့်အရေး၊ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုကြရပါလိမ့်မယ်။ တောင်းဆိုလို့  မရရင်၊ ရရှိဖို့ အတွက် တိုက်ယူကြရပါတယ်။ မိမိရသင့်တဲ့ အခွင့်အရေးကို မိမိကိုယ်တိုင်မှ တိုက်မယူရင် အခွင့်အရေးဆုံးရှုံးမှုနဲ့  ဘ၀နိမ့် ကျ လုံးပါးပါးမှုကို မိမိဘဲ ခံစားရမှာ ဖြစ်ပါတယ်။

မေလ (၁) ရက်နေ့ မှာ ကျရောက်မယ့် မေဒေးနေ့  (နိုင်ငံတကာအလုပ်သမားများနေ့ ) ကစပြီး အခြားသော ကမ္ဘာ့အလုပ်သမားများ အလုပ်သမားအခွင့်အရေး အပြည့်အ၀ခံစားနေကြတဲ့နည်းတူ မြန်မာပြည်မှ ပြည်သူ့ ဝန်ထမ်းများဟာလည်း ဖိနှိပ်ချူပ်ချယ်မှုတွေကို တွန်းလှန်တော်လှန်ပြီး ရသင့်ရထိုက်သော မိမိတို့  အလုပ်သမားအခွင့်အရေးများ ရရှိကြဖို့  မိမိတို့ ကိုယ်တိုင် တိုက်ပွဲဝင်နိုင်ကြပါစေလို့  တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

(ဖိနှိပ်ချူပ်ချယ်မှုမှန်သမျှကို တွန်းလှန်ဆန့် ကျင်ပြီး အလုပ်သမားအခွင့်အရေးများရရှိရေးအတွက် ရဲရဲဝန့် ဝန့်  တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်မှ မြန်မာအလုပ်သမားထုကြီးအား အထူးဂုဏ်ပြုအပ်ပါတယ်)။

View this document on Scribd


ဝက်တုပ်ကွေးရောဂါ (Swine Flu) အန္တရာယ် သတိပေးချက်။

April 28, 2009

swine-flu-pig

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။

Swine Flu ဆိုတာ ဘာလည်း။

Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။

Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊ အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့  အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း ကူးစက်နိုင်ပါတယ်။

Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။

ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန် ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။

Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။

မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်  (သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။

ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလည်း။

Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။

– အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။

– Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့  အမြန်သွားရောက် ပြသသင့်ပါတယ်။

Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။

ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။

Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။

ဒီ Swine Flu ရောဂါဖြစ်ပွားသူ – အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း (အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး – သေဆုံးသူ (၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊ အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။

ဝက်တုပ်ကွေးရောဂါ Swine Flu (အင်္ဂလိပ်ဘာသာဖြင့်) သတိပေးချက် ဗွီဒီယိုဖိုင် ဒေါင်းလုပ်လုပ်လိုပါက – http://sharebee.com/cab65524