နအဖတွေရဲ့  အကြံပက်စက်သည့် ဇတ်လမ်းဆင်ကွက်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝန်းနောက်ဘက် အင်းယားကန်ရေပြင်ရဲ့ အောက်ဖက်မှာ သံစူးကြိုးများ အထပ်ထပ် ချထားတာ ဖြစ်ပါတယ်။ ဒီသံစူးကြိုးများဟာ တစ်ထပ်ထဲ မဟုတ်ဘဲ သုံးထပ်ချထားခြင်း ဖြစ်ပါတယ်။ ဒီသံစူးကြိုးတွေ အထပ်ထပ်ချထားတာကို နအဖအစောင့်တွေ သိကြပါတယ်။ နအဖတွေ ပြောတဲ့ ခိုးဝင်တဲ့သူမှာ ခေါက်ပလာယာပါတယ်ဆိုတာ နအဖတွေဘက်က ယူသွားဖို့  စီစဉ်ပေးထားတာ ဖြစ်နိုင်ပါတယ်။

ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်း ကမ်းစပ်ရဲ့  တဖက်ကမ်းက ကျွန်းတွေကနေပြီး မှန်ဘီလူးတွေနဲ့  လှမ်းကြည့်ပြီး စောင့် နေကြတဲ့ နအဖအဖွဲ့ တွေ လည်း အနည်းဆုံး ၂ နေရာရှိပါတယ်။ ဒီတော့ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြံဝန်းအတွင်းမှာရှိတဲ့ နအဖအစောင့်တွေအနေနဲ့ လည်း မသိမြင်ဖူး၊ အိမ်အတွင်းကိုလည်း နအဖအစောင့်တွေ ၀င်ထွက်ကြည့်လို့ ရရဲ့ သားနဲ့  အိမ်အတွင်းမှာ ခိုအောင်းနေထိုင်တယ်ဆိုတာ မဖြစ်နိုင်ပါဖူး။

နာဂစ်မုန်တိုင်းတိုက်ခတ်မှုနောက်ပိုင်းမှာ အိမ်ခြံဝန်းထဲက အပင်တွေ လဲကျကုန်ခဲ့တာမို့  မြင်ကွင်းက ရှင်းနေပါတယ်။ ဆီဒိုးနားရှေ့  အင်းလျားရေကန်ဘောင်ကနေ လှမ်းကြည့်လိုက်ရင်တောင် ခြံထဲ က အိမ်ရဲ့  ပေါ်တီခုံအောက်မှာ လူရှိနေရင် တွေ့ မြင်ရလောက်အောင် မြင်ကွင်းက ရှင်းပါတယ်။

အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းသို့  ခိုးရောက်ဝင်တာ မှန်ခဲ့လျှင် နအဖတွေ၏ လုပ်ကြံဇာတ်လမ်းမှာ ပိုမိုသိသာပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်းသို့  မရောက်ရောက်အောင် ဖန်တီးပြီး၊ နအဖ အထက်ပိုင်းမှ ညွှန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝန်းအတွင်းရှိ အစောင်လုံခြုံရေးများနှင့်အတူ ခိုအောင်းနေစေပြီး ပြန်လည်ထွက်လာကာ ဖမ်းမိသည့်ပုံစံ ဖန်တီးခြင်း ဖြစ်နိုင်ပါတယ်။

နအဖတွေရဲ့  လုပ်ကြံဇတ်လမ်းကတော့ ဖြစ်နိုင်ခြေတွေက –

(၁) အင်းလျားရေကန်ထဲမှာဘဲ ရေထဲဆင်းခိုင်းထားပြီး အဖမ်းပြကာ လုပ်ကြံဇတ်လမ်းထွင်တာ

(သို့ မဟုတ်)

(၂) နအဖအစောင့်တွေကို နအဖအထက်က အမိန့် ပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်းအတွင်းထဲမှာဘဲ အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မသိအောင် နအဖအစောင့်တွေနဲ့ အတူ ပုန်းအောင်းနေခိုင်းထားပြီးမှ ပြန်ထွက်ခိုင်းကာ အထွက်မှာ အဖမ်းပြကာ လုပ်ကြံဇတ်လမ်းထွင်တာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ဒီတော့ကာ နအဖတွေလုပ်တဲ့ အကြံအစည် ယုတ်မာမှုက နိုင်ငံတကာမှာ နိုင်ငံခြားသားအချို့ ကို ငွေပုံပေးပြီး နအဖ လုပ်ခိုင်းစေချင်တဲ့ ပြောစေချင်တဲ့ နအဖ၀ါဖြန့် ချီရေးလုပ်ငန်းတွေ လုပ်ဖို့ ပြောဖို့  ကြေးစာငှားခိုင်းနေတဲ့အတိုင်း၊ ယခုလည်း နိုင်ငံခြားသားတစ်ဦးကို ငွေနဲ့ ပေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်းထဲဝင်ပြီး ခိုအောင်းနေထိုင်ပါတယ်လို့  ဖန်တီးလုပ်ကြံတာ ဖြစ်နိုင်ပါတယ်။ နအဖတွေရဲ့  ဖန်တီးတဲ့ လုပ်ကွက်က ကလေးဆန်လွန်းပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ ကောက်ကျစ်ယုတ်မာပက်စက်တဲ့ လူသတ်ကောင် နအဖတွေလက်ထဲမှာ နေ့ နဲ့ အမျှ အသက်အန္တရာယ်ရှိနေတာ အမှန်ပါဘဲ။

(သုံးသပ်ချက် ပေးပို့ လာသူ ပြည်သူတစ်ဦးအား အထူးကျေးဇူးတင်ရှိပါတယ်)။

Leave a comment